`အဓိပ္ပါယ်´

သင့်ဘ၀အတွင်း
ဝင်လာသမျှ
လူသားတို့အား
အကြင်နာမျက်ဝန်း
အကြင်နာအပြုံး
အကြင်နာမျက်နှာ
အကြင်နာစကားလုံး
အကြင်နာနှလုံးသားနှင့်
ပေးဆပ်ခြင်းဖြင့်
ကျေနပ်ပျော်ရွှင်စွာ
ခွဲခွါကြစို့နော်။ ။

`အချစ်မိုး´

အပြင်အရပ်မှာ

မိုးတွေညိုနေသလို

တို့၇င်ဘတ်ဆီမှာလဲ

အချစ်တွေပြိုကာ

အပြင်အရပ်မှာ

မိုးရေတွေစိုရင်

တို့အတွက်တော့

အချစ်တွေဘဲလိုတယ်။

`မသစ်နိုင်သောအရာလေးတစ်ခု´


စက္ကန့်တွေတဖြည်းဖြည်းကုန်
ရွက်နုတွေအကြိမ်ကြိမ်ထွက်
လမ်းသစ်တွေလမ်းဟောင်းဖြစ်
အတွေးဟောင်းပေါ်တွေးသစ်ထပ်
ဇရာတွေအိုခဲ့သော်လည်း
အချစ်တွေမအိုခဲ့ပါ
ရင်၌ချစ်မြဲချစ်နေစဲက
ထာဝရမပြောင်းလဲခဲ့ပါ.......ချစ်သူရာ။ ။