ဘယ်လိုချစ်သလဲ.... မမေးနဲ့ကွာ

ကလေး အတွေးနဲ့

စိတ်ထွေပြား....... မောက်မားစွာ

ပျော်ရွှင်မှုကြောင့်

ရူးမူးစွာ ဖက်တွယ်

မင်းကို .... ချစ်ခဲ့တာလဲ

တကယ် ..... ကိုယ် ... မဟုတ်ခဲ့.....။

ကယုအယ စကားချိုနဲ့

အယုအယ တွေပေးကာ

တစ်ခဏတာလေးတွက်

သာယာမှုပေး

မင်းဘေးနေမယ့်သူဟာလဲ

တကယ် .... ကိုယ် ... မဟုတ်ခဲ့...။

တိတ်တဆိတ်နဲ့ မင်းဘေး

လိုသမျှဖြည့်ကာ

အပူတွေကူ ... ဒုတ်ခတွေယူလို့

တစ်ဘဝလုံးဖေးကူ

အရေးအယူလုပ်ပြီး

ပေးဆပ်မယ့်အချစ်

မင်း.. အတွက်သာ

ဖြစ်ခဲ့၇တာ

ကိုယ်... တစ်ယောက်ပါ။ ။

ဆု

ရာသီစက်ဝန်း

လှည့်ပတ်နေသမျှ

ကျရောက်တဲ့ valentine များတိုင်းမှာ

ကိုယ့်ချစ်သူတိုင်း

ကိုယ်စိတ်နှစ်ပါး

အစဉ်ကြည်ရွှင်

အေးကြည်ချမ်းမြ

အစဉ်ထာဝရ

ပိုင်ဆိုင်စေသား

တောင်းဆုခြွေ

အကြင်နာတွေမျှဝေလိုက်ပါတယ်။ ။

My Valentine