`အငိုက်´

တစ်ခါက လူကြီးတစ်ဦးနှင့် လူငယ်လေးတစ်ဦးဟာ ရထားဘူတာရုံသို့ လျှောက်လာရာ ရထားဝင်းအတွင်း၌ လူကြီးတစ်ဦးသည် ကြီးမားသော ခြင်းတောင်းတစ်ခုနှင့် ကျန်သောအထုတ်တို့ဖြင့် မနိုင်မနင်းဖြစ်နေရာ လူကြီးက `ဒီလူဟာတော်တော်ချမ်းသာမယ့်ပုံဘဲ ။ တို့ သူ့ခြင်းတောင်းကို ရရင်တော်တော်ကောင်းမယ်နော်။ မင်းက သတိနဲ့ သွားပြီး စကားပြောနေနော်။ ဟိုမှာ ရဲလဲ၇ှိတယ် သတိထားနော်ကောင်လေး။ ´

ဒီလိုနဲ့ ဧည့်သည်လူကြီးလည်း အချိန်တော်ကြာမှ သူ့ခြင်းတောင်းမရှိမှန်းသိရော `သူခိုးဗျို၊ သူခိုး´ လို့ အော်ဟစ်အကူအညီတောင်းရာ ၊ ရဲရောက်လာပြီး `ဟိုမျက်မှန်နဲ့ လူကြီးနဲ့ ။ ဟိုကောင်လေးကျွန်တော့် ခြင်းတောင်းယူပြေးသွားပြီ၊ လုပ်ပါအုံး´ လို့ ဆိုသတဲ့။ ရဲကမေးသတဲ့ `ခင်ဗျား ခြင်းတောင်းထဲဘာတွေပါသလဲဟင်´ ။ ထိုအခါ ဧည်သည် လူကြီးပြန်ဖြေလိုက်တာကတော့ `မြွေ ဗျ။ မြွေလေ´။ ။

`ဘ၀ ..... အစ´

အို...ချစ်သူရယ်
ဘ၀ရေးတွက်
ရှေ့တန်းတင်လျှက်
ဦးစားပေးကာ
ချစ်ကြခြင်းထက်
နားလည်မှုတူ
အပေးယူမျှ
သစဉ်ကြိုးမျှင်
ဗလပွနဲ့
တို့ဘ၀အား
စရအောင်လေ
ချစ်တဲ့သူရေ...............။ ။

`မနိုးထလိုက်ပါနဲ့ ကိုရွှေမိုး´

ကောင်းကင်ရယ် မနိုးထလိုက်ပါနဲ့

ချစ်သူတို့ ပျော်မြူးရာ ဒီနွေ၇က်အား

မိုးစက်တို့ဖြစ် ကျီစားကလူလို့

ကုန်လွန်ပျက်သွားမှာကို

စိုးမိလို့ပါ…ကိုရွှေမိုး၇ယ်။