မပြောဘဲ သိနှင့်လေပြီ

မင်း မျက်ဝန်းမှာ

အချစ်တွေဝေရင်ဖြစ်

ကိုယ်လုပ်သမျှကို

အပြစ်မမြင်.....

မင်းရင်မှာ ပီတိတွေ

နွယ်ဆင့်သကဲ့သို့

ရစ်လို့တိုးမှာတော့

မင်းမပြောလဲဘဲ

သိနှင့်လေပြီကွယ်။ ။

အကူ

နံနက်ခင်း

မြူနှင်းဖွဲဖွဲမှာ

အအေးဒဏ်ကိုမမှု

အံတုဖို့ .... အားမာန်စုရာ

နွေးထွေးယုယမဲ့

လက်တစ်စုံကို အကူခေါ်

ရောင်ခြည်နုတိုအောက်

ဘ၀အမှောင်ကိုခွင်းဖို့

မင်းအချစ်တို့

အစဉ်သာပေးလှည့်

အို... သခင်ဖေးငှဲ့လှဲ့ပါတော့ကွယ်။ ။