Showing posts with label တမ်းတခြင်း ကဗျာ. Show all posts
Showing posts with label တမ်းတခြင်း ကဗျာ. Show all posts

နှလုံးသားအရိပ်

နွမ်းလျလျ.... အတွေးရိပ်မှာ

အဆွေးတွေဟပ်ဟပ်လာပြီး

အတိတ်ဆီကကြည်နူးရိပ်ဟာ

မျှော်လင့်နေမိပြန်လဲ

နောက်တစ်ကြိမ်.... ပြည်မလာနိုင်တော့လို့

တချိန်က ..... ပျော်ရွှင်မှုဟာ

အခုခါများမှာတော့

ကြည်နူးစရာပုံရိပ်သဖွယ်

နှလုံးသားမှာ ..... အ၇ိပ်တို့ဟပ်လို့နေခဲ့ပေါ့တစ်ဖန်။ ။

အခွင့်

တို့ရဲ့ဘ၀မှာ

အိပ်မက်ဆိုးများမက်

လမ်းကြမ်းများဖြတ်သန်း

ခ၇ီးတွင်တွင်ဆက်နှင်ဆို့

ဆက်လက်လှမ်းဖို့

သခင့်ပခုံးထက်မှာ ခေါင်းတင်

ရင်ကိုဖွင့်ဖို့

ပါ၇မီဖြည့်ဖက်

နားလည်ပေးမယ့်ကိုယ့်ချစ်သူ

မင်းနဲ့ဘယ်တော့များ

ဆုံဆည်း၇မလဲကွယ်။ ။

မျက်ရည်များနှင့်ည

အငေးပန်းချီ

အဆွေးသီကာ

မိုးဖွဲတွေ ... ကဗျာကတော့

အေးမြမြ

မဟူရာညမှာဖြင့်

ယောင်ချာချာ အတွေးတွေက

ပျိုကညာ

အသဲဆိုင်ကို

အညှာကိုင်

လှုပ်ခါရမ်းတော့

ကာရံသီ

ပုလဲမျက်ရည်တို့

ပြိုခဲ့ရပြီကွယ်။ ။

အတိတ်ဆွေး

အတိတ်ဆိုတာ

အရိပ်ပမာဆိုပေမယ့်

ပူပြင်းတဲ့ အလင်းကြောင့်

အရိပ်တို့ ပေါ်ခဲ့သလို

တို့ရင်မှာ ဗလောင်ဆူ

ခံစားမှုတို့ ပူရင်ဖြစ်

မင်းကို တမ်းတ

လွမ်းဆွတ်မှုတိုင်းဟာ

ဒီရေအလားတိုးမြှင့်

လွမ်းဆွတ်စဲပါလေ။ ။

အလွမ်းမင်းသား

ပျော်နေပါလည်း

အပြုံးမရှိ

အလွမ်းဖိတဲ့မျက်နှာ ......။

ချစ်နေပါလည်း

အချစ်မပြည့်

အလွမ်းစိတ်လေးနဲ့ပါ .....။

အိပ်နေပါလည်း

အပြည့်မအိပ်

လွမ်းအိပ်မက်များရင်ထဲမှာ ....။

အချိန်တိုင်းမှာလည်း

အပျော်မရှိ

အလွမ်းအတိနှင့်ဘဝပါ ... ။ ။

အလွမ်းနှင့်ကိုယ်

မပျော်တိုင်းသာ


လွမ်းရာ့မယ်ဆို


အလွမ်းတွေတောင်လို..ပုံကာ


မျက်ရည်တွေ … ကုန်းထက်ပြည့်လျှံ


ရင်ခုန်နှုန်းတို့ …. ငလျှင်တုန်းလိုပြင်းထန်ပြီး


ပျောက်ကွဲသံစဉ်တို့မှာ …. မိုးခြိမ်းသံထက်ညံလျှက်


အမုန်းလျှပ်စစ်တို့ကား …. စိတ်အာရုံမှာ …. တဖျတ်ဖျတ်နဲ့


ဘ၀လှိုင်းဒဏ်ပျင်းပျင်းအောက် … ဒူးမထောက်မိယုံတမယ်ပါဘဲကွာ။

`မပြောင်းလဲသောအရာ´

အချိန်တွေပြောင်းလို့


ရွက်နုတွေကြိမ်ကြိမ်လဲကာ


နာရီစက်ဝန်းတွေလည်နေပြီး


အသစ်..အသစ်တွေတီထွင်နေလည်း


ကမ္ဘာကြီးလည်နေသ၍


ဒီမောင့်ရင်မှာ........


မင်းကိုပဲ...အချစ်ဆုံးပါ


ချစ်သူ၇ာ.....။ ။

(၂၉.၈.၂၀၀၉)

`တမ်းတမိတယ်အတိတ်ရယ်´

ငပိရည်ကျဲဟင်းတစ်ခွက်နဲ့

ထမင်းနပ်များစွာကို

ဖြေသိမ့်ခဲ့ဖူးရင်း

မိုးရေတွေအောက်

ဖားတွေရိုက်ရင်း

အမိုးမလုံ

ကျူထရံကျဲ

တဲအိမ်ထဲမှာ

အိပ်စက်ခဲ့ရတဲ့

နေရက်များဟာ

ဖဲမွေ့ယာ ..... ရွှေကောဇောနှင့်

လျှာတွေ့မယ့်

ဟင်းဖွယ်ရာကို

အရန်သင့်စားနေရလဲ

ဟိုး ......... အရင်ဘ၀များရဲ့

လွတ်လပ်မှုစိတ်အစဉ်အား

ပြန်လိုချင်လှတယ်ဗျာ။ ။
(18.8.09)

`တမ်းတခြင်းများပေးသူ´

လေနုအေးကို .... သယ်ဆောင်ကာ
အဆုံးမဲ့....အနားသတ်နှင့်
ရှုမဆုံးတဲ့မြင်ကွင်း
တမ်းတခြင်းကိုသာ
တမက်မက်ဖြစ်စေခဲ့တယ်
ပင်လယ်ပြင်ရယ်.....။ ။