ကိုယ်ပြုံးတိုင်းလည်း
ကိုယ့်အပြုံးမှာအပျော်မရှိ
အလွမ်းအတိနှင့်သာ.......။
ကိုယ်ချစ်တတ်သော နှလုံးသားတွင်လည်း
အချစ်တို့အပြည့်မရှိ
အလွမ်းတို့သာ လွှမ်းစဲမို့သာ ...........။
အို .... အလွမ်းလူသား
ကိုယ့်အားသနားသဖြင့်
အလွမ်းမပါ .. အချစ်တို့သာ
မင်းလေးပေးလှည့်ပါကွာ ....။ ။
မိုသားဖွေးဖွေးနှင့်
ပြာလဲ့လဲ့ပင်လယ်ပြင်ကြား
ဖော်မဲ့တဲ့တစ်ကိုယ်ရည်တည်း
ဝမ်းရေးကိုငဲ့လို့
လှိုင်းလေမိုးသက်တို့အောက်
ငါ....ရုန်းခဲ့ရလဲ
ငါ့မိသားစုတွက်.....
စိတ်မှာအစဉ်မှတ်
မောပန်းသမျှပျောက်လို့
ရင်မှာတော့အစဉ်ကြည်နူးစဲပါလေ။ ။
စကားလုံးချိုချို
မာယာအပြုံး
အလှဆုံးတို့သာသုံးပြီး
ကြင်နာမှုကို
အစွမ်းကုန်သုံးကာ
စွဲဆောင်ခဲ့ပြီး
အေးစက်စက်လက်တစ်စုံနှင့်
ခံစားမဲ့နှလုံးသားတစ်ခု
အဆစ်အဖြစ်ပေးခဲ့ပြီလား
မိန်းခလေးရာ။ ။