ပထမဆုံး ဒစ်ဂျစ်တယ် ယုတ္တဗေဒ သင်တန်းအစမှာ အားလုံးစိတ်ဝင်တစား တက်ရောက်ကြတာပေါ့။ သင်တန်းပို့ချသူဆရာက ဒီသင်တန်းမှာ အဓိကဖြစ်တဲ့ Boolean cube method အကြောင်းအရာကို ထပ်တလဲလဲရှင်းပြနေရာကနေ အမျိုးသမီးတစ်ယောက်စကားပြောနေတာကို လှမ်းတွေ့တာ ကြောင့် `ဒီမှာ ခင်ဗျာ့ ဟိုးနောက်ဆုံးတန်းက အမျိုးသမီးလေး၊ Boolean cube ကို ဘာလိုအသုံးချရာတာဆိုတာ ပြန်ပြောပြပါလား´ လို့ မေးလိုက်သတဲ့။ စိတ်လည်းပျက်၊ စိတ်လည်းညစ်စွာ နားထောင်နေရတာကြောင့် သူ့သူငယ်ချင်းကိုစကားလှည့်အပြောမှာ ဆရာကလှမ်းမေးလိုက်လေတော့ ပြန်ဖြေလိုက်တာကတော့ `စွတ်ပြုတ်လုပ်မယ်လေ။´
translates from Reader Digest [contributed by Joseph Stoker]
(14.8.09)
ကျွန်တော်ဟာ စီးပွါးရေးဘာသာကို ယူထားသောကျောင်းသားတစ်ယောက်ပါ။ စီးပွါးရေးဘာသာများထဲမှာ တစ်ဘာသာဟာ တော်တော် အောင်ဖို့ခက်ကြောင်းကြားသိထားပါလျှက် ကျွန်တော် မဖြစ်မနေယူခဲ့ရပါတယ်။ ကျွန်တော် စာရင်းသွားတင်တော့ ကျွန်တော်တစ်ယောက်ထဲသာ တစ်ယောက်ကြောင်းသိရတဲ့ အတော်ကိုတုန်လှုပ်ခဲ့ပြီး၊ နောက်နှစ်ပတ်ကြာသည်အထိ အတန်းဖော်ကို စောင့်စားနေသော်လည်း တစ်ယောက်မှ မပေါ်လာတာကြောင့် ကျွန်တော့်ဘေးမှာရှိသောသူကို `ဘာကြောင့် ဒီဘာသာကို လူတွေမတက်ကျတာလဲဗျ´ လိုမေးလိုက်တော့ `ငါတို့အားလုံး ပြီးခဲ့ တဲ့ အတန်းမှာ တက်ပြီးပြီလေ´ လို့ဖြေလိုက်သတဲ့။
translates from Reader's Digest [contributed by Kerry L. Creager]
(12.7.2009)
ဟာမန်ဆိုတဲ့ လူတစ်ယောက်ဟာ ကွန်ပျူတာတလုံးကိုနှင့် ဆက်သွယ်ရေးဆက်တစ်လုံးကို ၀ယ်ပြီး ချက်ခြင်းတပ်ဆင်တာပေါ့။ ထိုနောက်သူဟာ တက္ကသိုလ်ကျောင်းသူ အသစ်စက်စက်သမီးဖြစ်သူထံ စာပို့လိုက်တာကတော့ `ကွန်ပျူတာဆိုတာ ဖေဖေ့ အတွက် ပျော်ရွင်မှုကို ဖြစ်စေတယ် သမီးရယ်´။ သမီးဖြစ်သူကလည်း သူ့ထံ တစ်ခါမှ အဖေလုပ်သူက စာပို့ခြင်းမရှိသည့်အပြင်၊ အိမ်မှာ ၀ယ်ပြီးတပ်ဆင်ထားမှန်း မသိတာကြောင့် စာပြန်လိုက်တာက ` ပျော်ရွှင်မှုလား ဘာလားတော့မသိဘူး။ အခုကျမမှာ အိမ်မှာရော၊ အင်တာနက်မှာပါ မိဘတွေရှိနေတာကြောင့် မိဘလေးယောက်ဖြစ်နေတဲ့ အတွက် စိတ်ရှုပ်နေပါတယ်။´
translates from Reader Digest [contributed by Suzanne Kabakoff]
(6.30.2009)
တခါမှာတော့ တက္ကသိုလ်ရဲ့ အိပ်ဆောင်ကနေ ကျွန်တော့်ထွက်လာပြီး ဓါတ်လှေကားမှာ စောင့်နေတုန်း ဘေးကိုဖြတ်ခနဲ လှည့်အကြည့်မှာတော့ အတန်းဖော်သူငယ်ချင်းကိုတွေ့၇တာပေါ့။ သူကလည်း သူ့ေ၇ကူးဝတ်စုံပေါ်မှာ အကျီင်္အညိုရောင်ထူထူကြီးကို ၀တ်ထားပြီး သူ့ဘေးမှာ ခ၇ီးဆောင်အိတ်အကြီးကြီးတစ်ခုကို ကိုင်ထားတာကြောင့် `အယ်ဒီ.....မင်းဘယ်လျှောက်သွားမလို့လဲဟင် ။ ဘာတွေလျှောက်လုပ်အုံးမလို့လဲဟင်´ လို့မေးလိုက်တာပေါ့။ ဒီတော့ အယ်ဒီ သက်ပြင်းအရှည်ကြီးချကာ ပြန်ဖြေလိုက်တာကတော့ `အ၀တ်လျှော်စက်ဆီသွားမလို့လေ။´
translates from Reader Digest ( contributed by Jonathon Hren) [25.6.2009]
တစ်ခါက မာဖီရဲ့ အမျိုးသမီးဟာ မာဖီထံမှ ကားကိုငှားကာ ဈေးထွက်ဝယ်တာပေါ့နော်။ ဈေးဝယ်ပြီး စူပါမားကက်က အထွက် ကားဆီသို့အလာမှာ လူငယ်တစ်ဦးဟာ သူမကားကို ခိုးယူမောင်းပြေးသွားတာကို တွေ့တော့ ရဲကိုချက်ခြင်းအကြောင်းကြားတာပေါ့။ ဒါနဲ့ ရဲကမေးသတဲ့ `ခိုးသွားသူဟာ ဘယ်လိုပုံစံမျိုးလဲ၊ နဲနဲလောက်ပြောပြပါလား အမရယ်´ လို့ဆိုလာတဲ့အခါမှာ သူမက ` ကျမသေသေချာချာမတွေ့လိုက်ဘူး။ ဒါမယ့် ကျမလက်ထဲမှာတော့ သူ့လိုင်စင်ကောက်ရထားတယ်ရှင့်။´
translates from www.guy-sports.com
တစ်ခါ က အက်ဒီဆိုသောလူတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းလာရင်း၊ အခြားတဘက်ခြမ်းမှာ ကားတစ်စီးဟာ လမ်းအကျယ်ကြီးမှာ ယိုင်ထိုးပြီး သူ့ဆီတိုးဝင်လာတာကိုတွေ့ရတော့ သူလည်း ကားအရှိန်လျော့ပြီး ကားမှန်ကိုချကာ `ဟေ့ကောင်...ခွေးမသား........´ လို့ လှမ်းဆဲလိုက်တယ်။ ဒီတော့ တစ်ဖက်ကလည်း ကားမှန်ကိုချပြီး ပြန်အဆဲမှာတော့ သူလည်း အံ့သြနေတုန်း `ဂျိမ်း´ ဆိုတဲ့ အသံနှင့်အတူ သူ့ကားဟာ တဖက်ကားကိုသွားတိုက်မိပါလေတော့တယ်။
translates from www.guy-sports.com
တစ်ခါက လူကြီးတစ်ဦးနှင့် လူငယ်လေးတစ်ဦးဟာ ရထားဘူတာရုံသို့ လျှောက်လာရာ ရထားဝင်းအတွင်း၌ လူကြီးတစ်ဦးသည် ကြီးမားသော ခြင်းတောင်းတစ်ခုနှင့် ကျန်သောအထုတ်တို့ဖြင့် မနိုင်မနင်းဖြစ်နေရာ လူကြီးက `ဒီလူဟာတော်တော်ချမ်းသာမယ့်ပုံဘဲ ။ တို့ သူ့ခြင်းတောင်းကို ရရင်တော်တော်ကောင်းမယ်နော်။ မင်းက သတိနဲ့ သွားပြီး စကားပြောနေနော်။ ဟိုမှာ ရဲလဲ၇ှိတယ် သတိထားနော်ကောင်လေး။ ´
ဒီလိုနဲ့ ဧည့်သည်လူကြီးလည်း အချိန်တော်ကြာမှ သူ့ခြင်းတောင်းမရှိမှန်းသိရော `သူခိုးဗျို၊ သူခိုး´ လို့ အော်ဟစ်အကူအညီတောင်းရာ ၊ ရဲရောက်လာပြီး `ဟိုမျက်မှန်နဲ့ လူကြီးနဲ့ ။ ဟိုကောင်လေးကျွန်တော့် ခြင်းတောင်းယူပြေးသွားပြီ၊ လုပ်ပါအုံး´ လို့ ဆိုသတဲ့။ ရဲကမေးသတဲ့ `ခင်ဗျား ခြင်းတောင်းထဲဘာတွေပါသလဲဟင်´ ။ ထိုအခါ ဧည်သည် လူကြီးပြန်ဖြေလိုက်တာကတော့ `မြွေ ဗျ။ မြွေလေ´။ ။