သင့်ဘ၀အတွင်း
ဝင်လာသမျှ
လူသားတို့အား
အကြင်နာမျက်ဝန်း
အကြင်နာအပြုံး
အကြင်နာမျက်နှာ
အကြင်နာစကားလုံး
အကြင်နာနှလုံးသားနှင့်
ပေးဆပ်ခြင်းဖြင့်
ကျေနပ်ပျော်ရွှင်စွာ
ခွဲခွါကြစို့နော်။ ။

စက္ကန့်တွေတဖြည်းဖြည်းကုန်
ရွက်နုတွေအကြိမ်ကြိမ်ထွက်
လမ်းသစ်တွေလမ်းဟောင်းဖြစ်
အတွေးဟောင်းပေါ်တွေးသစ်ထပ်
ဇရာတွေအိုခဲ့သော်လည်း
အချစ်တွေမအိုခဲ့ပါ
ရင်၌ချစ်မြဲချစ်နေစဲက
ထာဝရမပြောင်းလဲခဲ့ပါ.......ချစ်သူရာ။ ။

နှစ်ဦးသဘောတူလို့
ချစ်ကြည်စင်က
မိဘတွေမသိအောင်
စွန့်စားမှုသဖွယ်
ချိန်းတွေ့ကြရ၀ယ်
အချစ်ဆိုတာချိုမြိန်မှုရယ်။
တစ်ဦးကိုတစ်ဦး
မကြည်ဖြူမနှစ်မျို့တော့
မဆိုင်သောမိဘကိုဆွဲထဲ့
သဘောမတူဘူးတဲ့ဟု
ခါးသီးစွာဖြင့်
အမုန်းဖြင့်ဆုံးစေခဲ့တယ်။ ။

အကြိုက်တူ
အဆင်းတူလို့
ကြည်ဖြူလျှင်တောင်
ရင်၌မတွေ့
သဘောမခွေ့လျှင်
ဓါတ်ခံမတူလို့
မယူဖြစ်တာပါကွာဟု
သဘောတွေ့ရင်း
လမ်းခွဲစို့ကွာ။ ။

ရတာကိုမလို
လိုတာကိုမရတဲ့
ကိုယ့်ဘ၀မှာ
အမျှော်လင့်ဆုံးက
မင်းရဲ့တုန့်ပြန်သော
အချစ်တစ်ခုသာ
ကိုယ့်ဘ၀ရဲ့အားပါ။ ။

လမင်းငယ်ရယ်.....
ကျွန်ုပ်အား.......
ရင်ကိုခုန်စေတတ်အောင်
သူမက သင်ခဲ့တယ်
ပျော်ရွှင်တတ်အောင်
သူမ ဖန်တီးတယ်
အိပ်မက်များကို
သူမက စိုးမိုးတယ်
အတွေးများကို
သူမက လွှမ်းမိုးတယ်
ဘ၀အိမ်ကို
သူမသာ အုပ်စိုးတယ်
ကျွန်တော့်ရဲ့ နံပါတ်တိုင်းမှာ
သူမအတွက်ပါ
မောင့်လမင်းရာ......။ ။
လေနုအေးကို .... သယ်ဆောင်ကာ
အဆုံးမဲ့....အနားသတ်နှင့်
ရှုမဆုံးတဲ့မြင်ကွင်း
တမ်းတခြင်းကိုသာ
တမက်မက်ဖြစ်စေခဲ့တယ်
ပင်လယ်ပြင်ရယ်.....။ ။