အ၇သာဖွယ်ဟင်းမယ် ၆

အ၇သာဖွယ်ဟင်းမယ် ၅

အ၇သာရှိဖွယ်ဟင်းမယ် ၎

ပုစွန်အစိမ်းသုတ်

အ၇သာရှိဖွယ်ဟင်းမယ် ၃

ပင်လယ်စာချဉ်စပ်သုပ်လေး

အ၇သာရှိဖွယ်ဟင်းမယ် ၂

ငါးချိုချဉ်စပ်လေးပေါ့။

`အရသာရှိဖွယ်ဟင်းမယ် ၁´

၇ှမ်းကတ်ကြေးကိုက်
(ရိုးရှင်းပြီးကြော်ရလွယ်တဲ့ ဟင်းကြောင့်လား သို့မဟုတ် ပုဇွန်ထုပ်ပါတာကြောင့်လားတော့မသိဘူးဗျာ၊ စားလို့တော့ကောင်းပါတယ်။)

`အရသာရှိဖွယ်ဟင်းမယ်´

လူမျိုးဘာသာမရွေးကြိုက်နှစ်သက်တတ်ကြတဲ့ ကန်စွန်းရွက်မလိန်းကြော်လေးပေါ့ဗျာ။

ကန်စွန်းရွက်ကြော်

`ချစ်ခြင်းမည်သည်´

ချစ်သူရယ် ………


ကိုယ့်အတွက်တော့


ချစ်ခြင်းမည်သည်မှာ ……..


ဘကြီးအောင်လို


ရွှေရုပ်ကလေးကို


မျှော်ကိုးပြီး


အရိပ်လို ……. ကြည့်မဲ့သူ


မဟုတ်ခဲ့သလို


မင်းဒသာလို


ချစ်ပွဲရှုံးလည်း


ပန်းရထားပေါ်


မယ်သီတာအား …… ခိုးခဲ့ပေမယ့်


မပေါင်းလိုက်တဲ့သူ


မဟုတ်ခဲ့ရပေမယ့်


အကာရံတွေကြားမှ


ပန်ထွာမင်းသမီးကို ….အရယူကာ


တစ်ဆောင်တစ်နန်းထားမယ့်


ဒွတ်တဘောင်လို


အချစ်မျိုးနဲ့


မင်း ….. အမုန်းတို့ …..ရခဲ့ရင်တောင်


တို့ ….. ကျေနပ်တယ်ကွာ


မိန်းခလေးရာ ။

`တွယ်လက်လေးတစ်ခုအတွက်´

တို့ ချစ်၇တဲ့ကောင်လေးရယ်.................


မင်းရဲ.ယုံကြည်မှုအား ထာဝရပိုင်ဆိုင်ချင်သော်လည်း


တို့နဲ.မထိုက်တန်မှန်းသိရချိန်မှာတော့....


တို့ဘယ်လိုလုပ်ရမလဲကွယ် ချစ်တဲ့သူရယ် ..?


မမျှော်လင့်တဲ့အချိန်တစ်ခုမှာတော့


မင်းရဲ.ယုံကြည်မှုလေး တို့ရခဲ့ရပေမယ့်


မှင်စွန်းတဲ့တို့.အမှာုးကြောင့်


လွဲခဲ့ရပြီပေါ့ကွယ် ချစ်တဲ့သူရယ်။


ထာဝရတို့ကိုချစ်မယ့်မင်း


မင်းရဲ.အချစ်နဲ.ယုံကြည်မှုကို


တွယ်တာမက်မောတဲ့ကျမ


တို.နှစ်ယောက်ကြားမှာတော့


စိမ်းကားခြင်းတံတားလေးများ


ခြားနေမလားလို့


စိုး၇ိမ်းမိတယ် ချစ်တဲ့သူရယ်။


တံတားတစ်ဘက်စီကနစ်ယောက်သား


ရင်တွင်းစကားတူဆိုလို့


နားလည်မှုယူကာ


ချစ်တဲ့သူရဲ့ဘေး


ဖေးကူကာအမှီပြုဖို့


အတူတူကူးကြပါစို့ကွယ် ချစ်တဲ့သူရယ်။

`မပြောင်းလဲသောအရာ´

အချိန်တွေပြောင်းလို့


ရွက်နုတွေကြိမ်ကြိမ်လဲကာ


နာရီစက်ဝန်းတွေလည်နေပြီး


အသစ်..အသစ်တွေတီထွင်နေလည်း


ကမ္ဘာကြီးလည်နေသ၍


ဒီမောင့်ရင်မှာ........


မင်းကိုပဲ...အချစ်ဆုံးပါ


ချစ်သူ၇ာ.....။ ။

(၂၉.၈.၂၀၀၉)

`တမ်းတမိတယ်အတိတ်ရယ်´

ငပိရည်ကျဲဟင်းတစ်ခွက်နဲ့

ထမင်းနပ်များစွာကို

ဖြေသိမ့်ခဲ့ဖူးရင်း

မိုးရေတွေအောက်

ဖားတွေရိုက်ရင်း

အမိုးမလုံ

ကျူထရံကျဲ

တဲအိမ်ထဲမှာ

အိပ်စက်ခဲ့ရတဲ့

နေရက်များဟာ

ဖဲမွေ့ယာ ..... ရွှေကောဇောနှင့်

လျှာတွေ့မယ့်

ဟင်းဖွယ်ရာကို

အရန်သင့်စားနေရလဲ

ဟိုး ......... အရင်ဘ၀များရဲ့

လွတ်လပ်မှုစိတ်အစဉ်အား

ပြန်လိုချင်လှတယ်ဗျာ။ ။
(18.8.09)

`တတ်နားလွယ်တဲ့ တပည့်´

ပထမဆုံး ဒစ်ဂျစ်တယ် ယုတ္တဗေဒ သင်တန်းအစမှာ အားလုံးစိတ်ဝင်တစား တက်ရောက်ကြတာပေါ့။ သင်တန်းပို့ချသူဆရာက ဒီသင်တန်းမှာ အဓိကဖြစ်တဲ့ Boolean cube method အကြောင်းအရာကို ထပ်တလဲလဲရှင်းပြနေရာကနေ အမျိုးသမီးတစ်ယောက်စကားပြောနေတာကို လှမ်းတွေ့တာ ကြောင့် `ဒီမှာ ခင်ဗျာ့ ဟိုးနောက်ဆုံးတန်းက အမျိုးသမီးလေး၊ Boolean cube ကို ဘာလိုအသုံးချရာတာဆိုတာ ပြန်ပြောပြပါလား´ လို့ မေးလိုက်သတဲ့။ စိတ်လည်းပျက်၊ စိတ်လည်းညစ်စွာ နားထောင်နေရတာကြောင့် သူ့သူငယ်ချင်းကိုစကားလှည့်အပြောမှာ ဆရာကလှမ်းမေးလိုက်လေတော့ ပြန်ဖြေလိုက်တာကတော့ `စွတ်ပြုတ်လုပ်မယ်လေ။´

translates from Reader Digest [contributed by Joseph Stoker]
(14.8.09)

`ကလေးအတွေး ၄´

သို့ /
ဘုရားသခင်

ဒီအပတ် တနင်္ဂနွေနေ့မှာ ဘုရားကျောင်းမှာ ဘုရားသခင်စောင့်ကြည့်နေမယ်ဆိုရင် ကျွန်တော် ဖိနပ်အသစ်လေးအားပြခွင့်ပေးပါနော်။
(4.8.2009)

`ကလေးအတွေး၃´

သို့ /
ဘုရားသခင်

ကျမ ဘုရားသခင်ကို ပြောပြပါရစေ။ ဘုရားသခင်အတွက် ကမ္ဘာပေါ်မှာ ၇ှိသမျှလူသားတို့အား မေတ္တာထားခြင်းသည် အလွန်ခက်ခဲသော အလုပ်ဖြစ်မှာ အသေအချာပါ။ အဘယ်ကြောင့်ဆိုသော် ကျမတို့ မိသားစုဝင် လေးယောက်ရှိသော်လည်း ထိုလေးယောက်အပေါ်တွင် မေတ္တာထားဆက်ဆံရသည်မှာ ကျမအတွက်အလွန်ခက်ခဲလှပါတယ်။
(ကလေးအတွေးကို ဘာသာပြန်ထားခြင်းပါ။)

(1.8.2009)

`ကေလးအေတြူး ၂ ´

သို့/
ဘုရားသခင်

ကျွန်မ့အတွက် မောင်လေးဖန်ဆင်းပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
သို့သော်လည်း.....ကျွန်မဆုတောင်းခဲ့သည်မှာ ကြောင်လေးတစ်ကောင်သာ ဖြစ်ပါတယ်လေ။


(ကလေးအတွေးကို ဘာသာပြန်ထားခြင်းပါ။)



(29.7.09)

`ကလေးအတွေး ၁´

သို့/

ဘုရားသခင်ရယ်.....

ဒီနေ့ ကျွန်တော် မင်္ဂလာဆောင်တစ်ခုကို သွားခဲ့ပါတယ်။ ဘုရားကျောင်းထဲမှာ သူတို့ နမ်းနေကြတယ်လေ။

ဘုရားသခင် ဒါကို ခွင့်လွှတ်နေလားဗျာ????????

(ကလေးအတွေးလေတွေကို ဘာသာပြန်လိုက်တယ်။) ( ၂၂.၇.၀၉)



`ဘာကြောင့်လဲ.....´

ကျွန်တော်ဟာ စီးပွါးရေးဘာသာကို ယူထားသောကျောင်းသားတစ်ယောက်ပါ။ စီးပွါးရေးဘာသာများထဲမှာ တစ်ဘာသာဟာ တော်တော် အောင်ဖို့ခက်ကြောင်းကြားသိထားပါလျှက် ကျွန်တော် မဖြစ်မနေယူခဲ့ရပါတယ်။ ကျွန်တော် စာရင်းသွားတင်တော့ ကျွန်တော်တစ်ယောက်ထဲသာ တစ်ယောက်ကြောင်းသိရတဲ့ အတော်ကိုတုန်လှုပ်ခဲ့ပြီး၊ နောက်နှစ်ပတ်ကြာသည်အထိ အတန်းဖော်ကို စောင့်စားနေသော်လည်း တစ်ယောက်မှ မပေါ်လာတာကြောင့် ကျွန်တော့်ဘေးမှာရှိသောသူကို `ဘာကြောင့် ဒီဘာသာကို လူတွေမတက်ကျတာလဲဗျ´ လိုမေးလိုက်တော့ `ငါတို့အားလုံး ပြီးခဲ့ တဲ့ အတန်းမှာ တက်ပြီးပြီလေ´ လို့ဖြေလိုက်သတဲ့။
translates from Reader's Digest [contributed by Kerry L. Creager]

(12.7.2009)

`မိဘဘယ်နှစ်ယောက်လဲ´

ဟာမန်ဆိုတဲ့ လူတစ်ယောက်ဟာ ကွန်ပျူတာတလုံးကိုနှင့် ဆက်သွယ်ရေးဆက်တစ်လုံးကို ၀ယ်ပြီး ချက်ခြင်းတပ်ဆင်တာပေါ့။ ထိုနောက်သူဟာ တက္ကသိုလ်ကျောင်းသူ အသစ်စက်စက်သမီးဖြစ်သူထံ စာပို့လိုက်တာကတော့ `ကွန်ပျူတာဆိုတာ ဖေဖေ့ အတွက် ပျော်ရွင်မှုကို ဖြစ်စေတယ် သမီးရယ်´။ သမီးဖြစ်သူကလည်း သူ့ထံ တစ်ခါမှ အဖေလုပ်သူက စာပို့ခြင်းမရှိသည့်အပြင်၊ အိမ်မှာ ၀ယ်ပြီးတပ်ဆင်ထားမှန်း မသိတာကြောင့် စာပြန်လိုက်တာက ` ပျော်ရွှင်မှုလား ဘာလားတော့မသိဘူး။ အခုကျမမှာ အိမ်မှာရော၊ အင်တာနက်မှာပါ မိဘတွေရှိနေတာကြောင့် မိဘလေးယောက်ဖြစ်နေတဲ့ အတွက် စိတ်ရှုပ်နေပါတယ်။´

translates from Reader Digest [contributed by Suzanne Kabakoff]

(6.30.2009)

`မှန်းချက်နဲ့ နှမ်းထွက်´

တခါမှာတော့ တက္ကသိုလ်ရဲ့ အိပ်ဆောင်ကနေ ကျွန်တော့်ထွက်လာပြီး ဓါတ်လှေကားမှာ စောင့်နေတုန်း ဘေးကိုဖြတ်ခနဲ လှည့်အကြည့်မှာတော့ အတန်းဖော်သူငယ်ချင်းကိုတွေ့၇တာပေါ့။ သူကလည်း သူ့ေ၇ကူးဝတ်စုံပေါ်မှာ အကျီင်္အညိုရောင်ထူထူကြီးကို ၀တ်ထားပြီး သူ့ဘေးမှာ ခ၇ီးဆောင်အိတ်အကြီးကြီးတစ်ခုကို ကိုင်ထားတာကြောင့် `အယ်ဒီ.....မင်းဘယ်လျှောက်သွားမလို့လဲဟင် ။ ဘာတွေလျှောက်လုပ်အုံးမလို့လဲဟင်´ လို့မေးလိုက်တာပေါ့။ ဒီတော့ အယ်ဒီ သက်ပြင်းအရှည်ကြီးချကာ ပြန်ဖြေလိုက်တာကတော့ `အ၀တ်လျှော်စက်ဆီသွားမလို့လေ။´

translates from Reader Digest ( contributed by Jonathon Hren) [25.6.2009]

`သက်သေကောင်း´

တစ်ခါက မာဖီရဲ့ အမျိုးသမီးဟာ မာဖီထံမှ ကားကိုငှားကာ ဈေးထွက်ဝယ်တာပေါ့နော်။ ဈေးဝယ်ပြီး စူပါမားကက်က အထွက် ကားဆီသို့အလာမှာ လူငယ်တစ်ဦးဟာ သူမကားကို ခိုးယူမောင်းပြေးသွားတာကို တွေ့တော့ ရဲကိုချက်ခြင်းအကြောင်းကြားတာပေါ့။ ဒါနဲ့ ရဲကမေးသတဲ့ `ခိုးသွားသူဟာ ဘယ်လိုပုံစံမျိုးလဲ၊ နဲနဲလောက်ပြောပြပါလား အမရယ်´ လို့ဆိုလာတဲ့အခါမှာ သူမက ` ကျမသေသေချာချာမတွေ့လိုက်ဘူး။ ဒါမယ့် ကျမလက်ထဲမှာတော့ သူ့လိုင်စင်ကောက်ရထားတယ်ရှင့်။´

translates from www.guy-sports.com