ချစ်ချိန်

အချစ်နဲ့ အချိန်

မရပ်နိုင်

မကုန်နိုင်

မတားနိုင်မို့

အချိန်တိုင်း ... နေရာတိုင်းမှာ

အချိန်တွေ မျှော်လင့်စောင့်စားနေသလို

အချစ်ဆိုတာလဲ

ရှင်သန်မြဲပါကွာ။ ။

သီချင်း

ဟဲလေး+ဝိုင်းစုခိုင်သိန်း -မှားပြီးနော်

ှနှလုံးသားဇာတ်စင်

လောကဇာတ်စင်အတွက်

နှစ်ပါးခွင်တင်သမို့

စိမ်းကားသူရဲ့ .. အသဲ

သံသားနှင့် ဖွဲ့သကဲ့သို့

မာကြောလေသမို့

ချစ်တတ်သူများ

နှလုံးသားကိုရင်း

နှလုံးသားနှစ်လို့

မချစ်မိစေနဲ့ကွာ ။ ။

ကြောက် ... စိတ်

အချိန်နှင့်အမျှ

အအားမထား

အကျဉ်းသားပမာ

ညှဉ်းပန်းမှသာ

ရုန်းမထွက်ဘဲ

ကိုယ်နှင့်နေပြီး

ဆိုးကျိုးမပေး

တိုးတက်ရေးသာ

အားစိုက်ထုတ်သည်

ကြောက်ဖွယ်မည်၏

ငါ၏စိတ်ပါလား။ ။

အချစ်စမ်းရေ

တွေးတွေးငေးငေး

ဆွေးဆွေးနဲ့လွမ်း

မကုန်စွမ်းဘဲ

ရင်မှာ တမြည့်မြည့်နဲ့ကျွမ်းလည်း

မင်းအတွက်ဆို...

တို့အချစ်တို့ .....

ဘယ်သောအခါမှမခမ်း။ ။

ရက်ရောသူ

ရည်းစားခိုးသူ

မင်းလိုလူကို

ဟား တိုက်ရီရင်း

အလှူပေးခြင်း

ငါ့တွက်မည်သည်

ပေးလှူခြင်းသည်

မဆန်းတော့ပြီ။ ။

အချစ်မည်သည်

ချစ်ခြင်းမည်သည်

ရယူခြင်းမဟုတ်

ပေးစပ်ခြင်းမဟုတ်

နားလည်မှုဖလှယ်

ခံစားမှုရှယ်မဲ့

မေတ္တာတရားရယ်ပါလေ။

နှလုံးသားရဲ့စကား

သံစဉ်မမှန်တဲ့

နှလုံးသားရဲ့စည်းချက်တိုင်းမှာ .....

အချစ်ဆိုတဲ့စာသား

ပြည့်နှက်လို့နေတာဟာ

သဘာဝတရားပါ။ ။

နားခိုရာ

ကြင်သူရေ....

တမ်းတစိုးစိတ်နှင့်

အမြဲတမ်းကိုယ့်အတွက်

နားခိုရာနေ၇ာလေးတစ်ခု

မင်းအသည်းထောင့်တစ်နေရာမှာ ...

ရရှိနိုင်ဖို့

ပိုင်ဆိုင်ခြင်းစိတ်နှင့်ထပ်တူ

အသည်းနေရာလေးဦးပါရစေကွယ်။ ။

အလွမ်းမင်းသား

ပျော်နေပါလည်း

အပြုံးမရှိ

အလွမ်းဖိတဲ့မျက်နှာ ......။

ချစ်နေပါလည်း

အချစ်မပြည့်

အလွမ်းစိတ်လေးနဲ့ပါ .....။

အိပ်နေပါလည်း

အပြည့်မအိပ်

လွမ်းအိပ်မက်များရင်ထဲမှာ ....။

အချိန်တိုင်းမှာလည်း

အပျော်မရှိ

အလွမ်းအတိနှင့်ဘဝပါ ... ။ ။

အလွမ်းမလိုပါ


ကိုယ်ပြုံးတိုင်းလည်း

ကိုယ့်အပြုံးမှာအပျော်မရှိ

အလွမ်းအတိနှင့်သာ.......။

ကိုယ်ချစ်တတ်သော နှလုံးသားတွင်လည်း

အချစ်တို့အပြည့်မရှိ

အလွမ်းတို့သာ လွှမ်းစဲမို့သာ ...........။

အို .... အလွမ်းလူသား

ကိုယ့်အားသနားသဖြင့်

အလွမ်းမပါ .. အချစ်တို့သာ

မင်းလေးပေးလှည့်ပါကွာ ....။ ။

အကောင်းအဆိုး

မိုသားဖွေးဖွေးနှင့်

ပြာလဲ့လဲ့ပင်လယ်ပြင်ကြား

ဖော်မဲ့တဲ့တစ်ကိုယ်ရည်တည်း

ဝမ်းရေးကိုငဲ့လို့

လှိုင်းလေမိုးသက်တို့အောက်

ငါ....ရုန်းခဲ့ရလဲ

ငါ့မိသားစုတွက်.....

စိတ်မှာအစဉ်မှတ်

မောပန်းသမျှပျောက်လို့

ရင်မှာတော့အစဉ်ကြည်နူးစဲပါလေ။ ။

အဆစ်ပေးတဲ့မိန်းခလေး

စကားလုံးချိုချို

မာယာအပြုံး

အလှဆုံးတို့သာသုံးပြီး

ကြင်နာမှုကို

အစွမ်းကုန်သုံးကာ

စွဲဆောင်ခဲ့ပြီး

အေးစက်စက်လက်တစ်စုံနှင့်

ခံစားမဲ့နှလုံးသားတစ်ခု

အဆစ်အဖြစ်ပေးခဲ့ပြီလား

မိန်းခလေးရာ။ ။

'အချစ်အယူခံ'


ချစ်တဲ့သူရယ်.......

မင်းနဲ့ ပတ်သက်ခဲ့တဲ့

ကိုယ့်အချစ်မှာ ....

ဖြူစင်မှုကြီးသက်သက်မို့

မင်းအတွက်

ပေးဆပ်မှုလေးများသာ ဖြစ်ခဲ့တဲ့

ကိုယ့်အိပ်မက်လေးများကို

ကိုယ့်အား ........

ဆက်လက်ရှင်သန်မက်ခွင့်ပေးလှည့်ပါလား

ချစ်တဲ့သူရယ်။ ။

'နှလုံးသားမှာဒဏ်ရာတွေ'

လူတွေရဲ့နှိပ်စက်မှုတွေအောက်

ပေးစပ်ခြင်းဆိုတဲ့

လုပ်ရပ်တွေနဲ့

ကျေနပ်လိုက်ရတဲ့

လူတစ်ယောက်ရဲ့

နလုံးသားမှာတော့

ဒဏ်ရာတွေဗလပွနဲ့ပါလားနော်။ ။

စာနှင့်အချစ်

စာပေဟာ .....လူ့စိတ်အတွက်

အစာကောင်းတစ်ခုဖြစ်ခဲ့လျှင် ......

အချစ်ဟာ .........

နှလုံးသားအတွက် ............

အာဟာရတစ်ခုပါ။

အတိတ်ဆွေးဆွေး

အေးအတူပူအမျှ


မရှိခဲ့စဉ်မှာလဲ


လိုတာကို ….. မတခဲ့ကာ


လောကကို … ရင်ဆိုင်


အနေယိုင်ကာ ဆင်းရဲလည်း


အခြားတစ်ဖက်မှာတော့


မနှိုင်းအပ်တဲ့


နွေးထွေးတဲ့ ….. မေတ္တာရိပ်အောက်


အရည်ကျဲကျဲ …. ငပိတစ်ခွက်နဲ့


ရောင့်ရဲခဲ့ရတဲ့


အရင်တုန်းကဘဝ


ပြန်လိုချင်လှတယ်။

လိုအပ်ချက်

အရက်ဝိုင်းမှာ

အရက်ကောင်းနဲ့ဖက်ဖို့

အမြည်းကောင်းတစ်ခွက်လိုသလိုမျိုး............

ဘ၀မှာ

လူသားတွက် အဓိပ္ပါယ်ပြည့်စုံဖို့

အချစ်စစ်ဖြည့်မှ..........စိုပြည်လိမ့်မယ်နော်။ ။

“ယောကျာ်းစိတ်”

ယောကျာ်းအသဲ


မမာဘဲနဲ့နေမလား


ဒါပေမယ့်လည်း


သံသားမဟုတ်


ကျောက်ဆစ်ရုပ်မဟုတ်


အသက်ထင်ရှား


ဒီလူသားပေမို့


ခံစားမှုအသည်း


ဆယ်ဆကဲလည်း


ချစ်ခွင့်မရဲခဲ့သူပါကွာ။

အလွမ်းနှင့်ကိုယ်

မပျော်တိုင်းသာ


လွမ်းရာ့မယ်ဆို


အလွမ်းတွေတောင်လို..ပုံကာ


မျက်ရည်တွေ … ကုန်းထက်ပြည့်လျှံ


ရင်ခုန်နှုန်းတို့ …. ငလျှင်တုန်းလိုပြင်းထန်ပြီး


ပျောက်ကွဲသံစဉ်တို့မှာ …. မိုးခြိမ်းသံထက်ညံလျှက်


အမုန်းလျှပ်စစ်တို့ကား …. စိတ်အာရုံမှာ …. တဖျတ်ဖျတ်နဲ့


ဘ၀လှိုင်းဒဏ်ပျင်းပျင်းအောက် … ဒူးမထောက်မိယုံတမယ်ပါဘဲကွာ။